၂.၁၀.၂၀၁၀
(၆း၄၅ pm)
ဝီဂန်- ဝီဂန်ရဲ့  ခြေစွမ်းကအားရစရာမရှိသလိုဝုပ်ဗာဟင်တန်ကလည်းခြေစွမ်းကသာမန်လောက်ပဲရှိပါတယ်။ ဒီနှစ်သင်းရဲ့ 
ခြေစွမ်းကလည်းသိပ်မကွာလှပါဘူး။အစပိုင်းမှာဝုပ်ကဂိုးရတတ်ပေမယ့်နောက်ပိုင်းတွေမှာ ဂိုးပြန်ပေးရလေ့ ရှိပါတယ်။ဝီဂန်ကရဂိုး(၂)ဂိုး၊ပေးဂိုး(၁၃)ဂိုးပါနှင့်ပေးဂိုးဒုတိယအများဆုံးအသင်းဖြစ်ပါတယ်။ တိုက်စစ်က
လည်းဂိုးပေါက်ပျောက်နေဆဲပါ။ဝုပ်ကတော့ရဂိုး(၇)၊ပေးဂိုး(၁၀)ပါ။ခြေစွမ်းကိုနှိုင်းယှဉ်ကြည့်ရင်လည်းဝုပ်က အနည်းငယ်သာပါတယ်။ဒီပွဲကသရေဖြစ်နိုင်ခြေရှိပေမယ့်ဝုပ်ပွတ်ကာသီကာနိုင်သွားနိုင်ပါတယ်။
ခန့်မှန်း - ၀ - ၁ မဟုတ်ရင် ၁ - ၂ ပါ။
"သင့်အတွက် အားကစားသည် လောင်းကစားမဖြစ်စေပဲ ကျန်းမာရေးအတွက် အထောက်အကူလေးတစ်ခုဖြစ်နေမယ်ဆိုရင် ၀မ်းမြောက်ကျေနပ်စရာပါပဲ "
Thursday, September 30, 2010
Saturday, September 25, 2010
Friday, September 24, 2010
Wednesday, September 22, 2010
Tuesday, September 21, 2010
Sunday, September 19, 2010
ပွဲစဥ်( ၅ ) ခန့်မှန်းချက်
မနေ့ကကျွှန်တော်နေမကောင်းတာကြောင့်စာရေးမတင်ပြနိုင်လိုက်ဘူး။ဒါပေမယ့်ကျွှန်တော်ခန့်မှန်းထားတဲ့
Result ကိုတင်ပြပေးလိုက်တယ်။
စတုတ်စီးတီး - ဝက်ဟမ်း ခန့်မှန်း ၃ - ၁
အဲဗာတန် - နယူးကာဆယ် ခန့်မှန်း ၁ - ၁
ဘလက်ဘန်း - ဖူဟမ် ခန့်မှန်း ၁ - ၁
အက်စတွန်ဗီလာ - ဘော်တန် ခန့်မှန်း ၂ - ၁
စပါး - ဝုပ်ဗာဟင်တန် ခန့်မှန်း ၂ - ၁
ဝက်ဘရွန်း - ဘာမင်ဂန် ခန့်မှန်း ၁ - ၁
ဆန်းဒါးလန်း -အာဆင်နယ် ခန့်မှန်း ၁ - ၁
၁၉.၉.၂၀၁၀
(၇း၃၀ pm)
မန်ယူ - လီဗာပူး(လ်)
ဒီတစ်ပတ် ပရိတ်သတ်အကြိုက်တွေ့ မယ့်ပွဲကောင်းတစ်ပွဲပါ။မန်ယူအနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်က အဲဗာတန် နဲ့ပွဲမှာ
ပွဲပြီးခါနီးဂိုးတွေပေးလိုက်ရတဲ့အတွက်အဖိုးတန်သုံးမှတ်ဆုံးရှုံးခဲ့ရပါတယ်။မန်ယူကချဲ(လ်)ဆီး၊အာဆင်နယ်တို့
ကိုအမှီလိုက်ဖို့အတွက်ဒီပွဲကလည်းအရေးကြီးနေပါတယ်။အစဉ်အလာအရ ဒီနှစ်တွေ့ကြရင် အကြိတ်အနယ်
ဖြစ်လေ့ရှိပါတယ်။မန်ယူမှာ ဖာဒီနန်၊ဝက်ဘရောင်း၊ဂစ်ဘီဆင် တို့ပြန်လည်ကစားလာနိုင်တာတွေ့ရတယ်။
ဒါပေမယ့် ဗလင်စီယာနာသွားတာက မန်ယူအတွက်နစ်နာစေပါတယ်။ချန်ပီယံလိတ်ကန်ထားရလို့ပွဲပန်းနိုင်
ပေမယ့်ဒီပွဲကိုနိုင်မယ်လို့ထင်ပါတယ်။
ခန့်မှန်း ၂ - ၁
ဝီဂန် - မန်စီးတီး
ခန့်မှန်း ၁ - ၂
ချဲ(လ်)ဆီး - ဘလက်ပူး(လ်)
ခန့်မှန်း ၄ - ၁

Tuesday, September 14, 2010
Sunday, September 12, 2010
Sunday, September 5, 2010
ပွဲစဉ် (၄) ခန့်မှန်းချက်
အဏ္ဏ၀ါကိုကို
၁၁.၉.၂၀၁၀
(၆:၄၅ pm) အဲဗာတန်-မန်ယူ
ဒီနှစ်ရာသီအစ(၃)ပွဲလုံးမှာ အဲဗာတန်ခြေမလှတာတွေ့ရပါတယ်။
ဆာဟာကလည်း ဂိုးသွင်းနိုင်စွမ်းပျောက်နေဆဲပါ။ဒါပေမဲ့ ခံစစ်ပိုင်း
မှာတော့ကျစ်လျစ်တာတွေ့ရတယ်။အစဉ်လာအရမန်ယူဟာအဲဗာတန်
နဲ့တွေ့ရင် အမြဲရုန်းကန်ရတတ်တယ်။မန်ယူရဲ့ခြေက ပေါ့စခိုးနဲ့ နာနီအ
ပေါ်မူတည်ပြီးတိကျတဲ့ဖန်တီးမူတွေလုပ်နိုင်ရင်ကပ်နိုင်ခြေရှိပါတယ်။
အိမ်ရှင်အတွက်အမြင့်ဆုံးသရေရလဒ်ပါ။
ခန့်မှန်းချက် (၀-၂ ၊ ၁-၂)
(၉း၀၀pm) အာဆင်နယ်-ဘော်တန်
အာဆင်နယ်မှာ ဝေါကော့ကတောက်လျှောက်ခြေစွမ်းပြဖန်တီးနိုင်သလို၊
အိမ်ကွင်းဆိုတဲ့အားသာချက်ရှိတယ်။ဘော်တန်ရဲ့ခြေကလည်း ၀က်ဟမ်းကို
အဝေးကွင်းမှာ နိုင်ခဲ့တယ်ဆိုပေမဲ့ သာမန်လောက်ပဲရှိပါတယ်။အိမ်ရှင်ရဲ့အ
နိုင်ဟာပြတ်သားမူ့ရှိနိုင်ပါတယ်။
ခန့်မှန်းချက် (၃ - ၁ ၊ ၄ - ၁ )
(၉:၀၀ pm) ဖူဟမ်-၀ုပ်(လ်)
အဲဗာတန်ကို အဝေးကွင်းမှာသရေကစားခဲ့တဲ့ဝုပ်(လ်)ရဲ့ခြေစွမ်းကအားရစရာပါ။
သရေပွဲတွေများတဲ့နှစ်သင်းတွေ့ကြဒါမို့တစ်သင်းကို (၁)မှတ်စီခွဲယူကြမယ့်သဘော
ရှိပါတယ်။ဖူဟမ်ကလည်းမန်ယူကိုသရေကျခဲ့တယ်ဆိုပေမဲ့ နောက်တန်းကမှားနေ
ဆဲပါပဲ။အနိုင်ဆိုရင်တော့အိမ်ရှင်ပဲပေါ့။
ခန့်မှန်းချက် (၂ - ၁ ၊ ၂ - ၂ )
(၉:၀၀ pm) မန်စီးတီး -ဘလက်ဘန်း
မန်စီးတီး ပြီးခဲ့တဲ့အပတ်ကဆန်းဒါးလန်းကိုရှုံးခဲ့တဲ့အမှားကို ဒီတပတ်ဘလက်ဘန်းနဲ့
ပွဲမှာပြန်လည်ချေဖျက်သွားပါလိမ့်မယ်။မန်စီးတီးကအိမ်ကွင်းမှာခြေပိုတွေ့တတ်ပြီး
ဘလက်ဘန်းအဝေးကွင်းခြေကျတတ်တာကိုသတိထားရပါမယ်။အိမ်ရှင်တို့ဘက်က
တီဗက်ဂိုးသွင်းသေချာရင်ဂိုးမပြတ်ရင်တောင်နိုင်မှာပါ။
ခန့်မှန်းချက် (၂ - ၁ ၊ ၃ - ၁ )
(၉:၀၀ pm) နယူးကာဆယ် -ဘလက်ပူး(လ်)
ခြေရည်တူနှစ်သင်းတွေ့ကြတဲ့ပွဲပါ။နယူးကာဆယ်ကအဝေးကွင်းမှာ ခြေအနည်းငယ်
ကျပေမဲ့အိမ်ကွင်းမှာတော့ခြေမှန်တတ်ပါတယ်။နှစ်သင်းလုံးတိုက်စစ်ကိုဖွင့်ကစားမယ်
လို့ထင်ပါတယ်။ဂိုးလည်းမြူးနိုင်တယ်။သရေကျနိုင်သလို အိမ်ရှင်ကပ်နိုင်ခြေရှိတယ်။
ခန့်မှန်းချက် ( ၃ - ၂ ၊ ၂ - ၂ )
(၉:၀၀ pm ) ၀က်ဘရွန်း -စပါး
ပုံမှန်အနေအထားရဆိုရင်တော့စပါးကိုပဲအားပေးကြပါလိမ့်မယ်။ဝက်ဘရွန်းမှာ
ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှုးမျိုးမရှိသေးပါဘူး။စပါးကလည်းခြေမမှန်သလို ခြေစွမ်း
တော်တော်ကျနေပါတယ်။ဒါပေမဲ့စပါးကပ်နိုင်ခြေရှိပါတယ်။
ခန့်မှန်းချက် ( ၀ - ၁ )
(၉:၀၀ pm) ၀က်ဟမ်း -ချဲ(လ်)ဆီး
ပွဲအပြီးမှာ ချဲ(လ်)ဆီးက(၂-၀)နှင့်နိုင်ပါလိမ့်မယ်။ဝက်ဟမ်းရဲ့ခြေကအားရစရာမရှိသေး
ပါဘူး။ဒရောဘာဂိုးသွင်းခြေတွေ့ရင် ဒီထက်ဂိုးပြတ်ဖွယ်ရှိသလို၊ဂိုးပြတ်နိုင်မယ့်ပွဲပါ။
ခန့်မှန်းချက် (၀ - ၂ )
(၉:၀၀ pm) ၀ီဂန် -ဆန်းဒါးလန်း
ဝီဂန်ကစပါးကို အဝေးကွင်းမှာနိုင်ခဲ့တယ်ဆိုပေမဲ့ အားရကျေနပ်စရာမရှိပါဘူး။
ဆန်းဒါးလန်းကလည်း အဝေးကွင်းမှာ ခြေကျတတ်တာကိုသတိပြုရပါမယ်။သရေ
ကျနိုင်ဖွယ်ရှိပေမဲ့၊ ဆန်းဒါးလန်းက ကပ်နိုင်ဖို့များပါတယ်။
ခန့်မှန်းချက် ( ၀ - ၁ ၊ ၁ - ၁ )
၁၂.၉.၂၀၁၀
(၁၀:၀၀ pm) ဘာမင်ဂန် -လီဗာပူး(လ်)
လီဗာပူး(လ်)တို့အဝေးကွင်းမှာရုန်းကန်ရမဲ့ပွဲပါ။ဘာမင်ဂန်ရဲ့ခြေစွမ်းက ပထမပိုင်းမှာ
တဟုန်ထိုးကောင်းတတ်ပြီး၊ဒုတိယပိုင်းမှာ ခြေကျသွားတာတွေ့ရပါတယ်။လိဗာပူး(လ်)
မှာတောရစ်ပြန်ပါလာလို့ နိုင်ပွဲပြန်တွေ့လာပါပြီ။ဒီပွဲမှာလီဗာပူး(လ်)ကပ်နိုင်မှာပါ။
ခန့်မှန်းချက် ( ၁ - ၂ ၊ ၀ - ၁ )
၁၄.၉.၂၀၁၀
(၀၂:၀၀ am) စတုတ်စီးတီး - ဗီလာ
စတုတ်စီးတီးအတွက်နောက်ထပ် ရှုံးပွဲထပ်ကြုံတဲ့ပွဲပါ။စတုတ်ရဲ့ခြေကအားရစရာမရှိပါပါဘူး။
ဗီလာကလည်းအဝေးကွင်းမှာ ခြေကျတတ်ပေမဲ့ ဒီပွဲတော့နိုင်အောင်ကန်ပါလိမ့်မယ်။ပွဲပြီးရင်
၁-၂ ဖြစ်သွားပါလိမ့်မယ်။
ခန့်မှန်းချက် ( ၁ - ၂ )

Subscribe to:
Posts (Atom)